March 22, 2012

အလွမ်း..



လာကြည့်လှည့် ချစ်သူ..

နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်

အထီးကျန်နေတယ်..


နွေးဦးကို ဖြတ်ခဲ့ပေမဲ့

ငါ့မှာ နွေးထွေးမှုလေးတစ်ခုတောင် မပေရေခဲ့ပါဘူး..

မိုးတွေရွာလို့ မိုးမထိလူသား..

နှင်းတွေကြွေတော့ နှင်းမခလူသား..

လောကမှာ သုံးရာသီပဲ ဆိုရင်တော့..

ငါဟာ လောကအပြင်က အကောင်တစ်ကောင်သာ ဖြစ်တယ်..


ဒါပေမဲ့..

ငါဟာလေ.. မိုးရွာတုန်းတော့ ရေအခံ ခံထိတဲ့ ကောင်ပါကွဲ့

ငါဟာလေ.. မိုးရွာတုန်းရေအခံ ခံထိတဲ့ ကောင်ပါကွဲ့..

ငါ့နှလုံးသားထဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ

နာမည်ပျက်စာရင်းမထည့်ခဲ့ပါဘူး..

လိုသမျှသာ အကုန်ယူသွားပါ..

ဒါပေမဲ့ ငါ့ကို အခွင့်အရေးတစ်ခုတော့ပေး..

ဒီလိုညတွေ.. ရှန်ပိန်မရှိရင်တော့

ငါ အိပ်မပျော်ဘူး..


ပညာရှိစကားတစ်ခု ကြားဖူးတယ်..

သီလတရားမှာ ချွန်းချက်မရှိဘူးတဲ့..

ဒါကြောင့် ငါ နေ့တိုင်း ငါးပါးသီလမခံဖြစ်..

ဒီလိုနဲ့..

လူတွေနဲ့ မတည့်ဘူး ဖြစ်ဖြစ်သွား..


ဒါပေမဲ့.. ချစ်သူရေ..

မင်းအတွက်ဆိုရင်ပေါ့..

သူများတွေ မမြင်ရတော့အောင်လို့

မာယာသော့တွေနဲ့ အထပ်ထပ်ခတ်ထားတဲ့

ငါ့ ရင်ခုန်သွေးတွေကိုလည်း

လျော့ဈေးပေးပြီးရောင်းရဲပါတယ်


မင်းတည်မဲ့ မြို့ကို ကူဖို့

လက်သမားပညာမတတ်ဘူး..

ပန်းရံပညာလည်း မတတ်ခဲ့ပါဘူး..

ဒီတော့ ချစ်သူရေ..

ငါ့ကို မင်းတည်မဲ့ မြို့အတွက်

မြေလွတ်မြေရိုင်းတစ်ခုတော့ ဖြစ်ခွင့်ပေးပါ..

မြေလွတ်မြေရိုင်းတစ်ခုတော့ ဖြစ်ခွင့်ပေးပါကွဲ့..


ငါလေ.. လူကျင့်လူကြံတွေ

သင်ခဲ့သေးရဲ့..

တတ်လည်းတတ်ခဲ့သေးရဲ့..

ဒါပေမဲ့ ဘာကြောင့်မှန်း မသိတော့ပါဘူးကွယ်..

ကျင့်လိုက်တိုင်း ကြံလိုက်တိုင်း..

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲရောက်ရောက်ပြီး

မေ့မေ့ကုန်တယ်..


အောင်မြင်မှုနဲ့ သစ္စာ

ဘာကိုရွေးရမလဲဆိုတာ ငါ့ကိုငါ ပြန်မေးစရာမလိုတော့..

ငါ့ဘဝက..

ပန်းတိုင်မရှိတဲ့ မာရသွန်ပြေးပွဲ..


ဒါပေမဲ့ပေါ့..

လာကြည့်လှည့် ချစ်သူ..

နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်

တစ်ချပ်တည်း..

အထီးကျန်နေတယ်....

December 18, 2011

သူမ၏



ဗုဒ္ဓ အတု
ဘာသာတရား အတု
ဂီတ သံစဉ်များ အတု
တိမ်တိုက် အတု
ကန္တာရ အတု
လေအေးစက် အတု
ရေခိုးရေငွေ့များ အတု
ဆံပင် အတု
နဖူး အတု
မျက်ခုံး အတု
မျက်ဝန်း အတု
အသက်ရှုသံ အတု
အပြုံးချိုချို အတု
အနမ်းချိုချို အတု
စကားပြောသံများ အတု
သောက်နေသော ယစ်ချိုရည်များ အတု
မျက်နှာ အတု
လက်တံရှည် အတု
လက်သည်း အတု
လက် လေယူလေသွေး အတု
ကိုင်ထားသော ပိုက်ဆံများ အတု
လက်စွပ်များ အတု
လည်စေ့ အတု
သွေးဆောင်ရင်းနှီးထားသော ဆွဲကြိုး အတု
အတောင်ပံ အတု
လေတိုးသံများ အတု
ရင်ခွင် အတု
ရင်သား အတု
အသဲနှလုံး အတု
ရင်ခုန်သံ အတု
သွေးလည်ပတ်မှု အတု
ယောင်္ကျား ဋီကာ အတု
ချစ်ခြင်း အတု
မုန်းခြင်း အတု
မာယာများ အတု
ယုံကြည်ခြင်းများ အတု
မျှော်လင့်ခြင်းများ အတု
သံယောဇဉ် အတု
ငြိမ်းချမ်းမှု အတု
ဒုက္ခသစ္စာ အတု
အင်္ကျီ အတု
စကတ်တို အတု
နားကွင်းတတ်ထားသော ချက် အတု
ဆေးမင်ကြောင်ထိုးထားသော ဆီးစပ် အတု
အောက်ခံ ဘောင်းဘီ အတု
ဖိုမရေးရာ ဆက်ဆံမှုများ အတု
ပေါင်တံ ဖြူဖြူ အတု
ခြေချင်း အတု
ခြေချင်းဝတ် အတု
ခြေအိပ် အတု
ဖိနပ် အတု
ခြေသံ အတု
မဂ္ဂသစ္စာ အတု
ငရဲ အတု
ကမ္ဘာမြေဆွဲအား အတု
လောကတရားများ အတု
သူမ၏ အတုများ အတု

GO UP