January 11, 2010

ဗုဒ္ဓ၀ါဒီများဆီသို့ တိုက်တွန်းစာ

..........................
ဗုဒ္ဓဘာသာအား ညစ်ညမ်းသော စကားလုံးများဖြင့် တိုက်ခိုက်နေသော Blog တစ်ခု (URLကိုတော မဖေါ်ပြတော့ပါ) ဆီမိတ်ဆွေများ အခုအချိန်ဆို အလည်ရောက် ပြီးပြီထင်ပါသည်။ တကယ်ကိုပဲ စိတ်ဆင်းရဲစရာကောင်းလှပါသည်။ ယခုလို ဗဟုသုတ တွေ နည်း ပညာ တွေ ဖွံဖြိုးတိုးတက် ရေး အ တွက် Internetကို အသုံးပြုပြီး ကြိုးကြိုးစားစား တစ်ယောက် နဲ့ တစ်ယောက် အသိ ဖလှယ် နေ တဲ့ ခေတ်ကြီး ထဲမှာ အဲဒီ Internet ကိုပဲ အသုံးပြုပြီး ယခုလို အဖြစ်မျိုး ဖန်တီးလာတာ ကိုမြင်ရခြင်းမှာ တကယ်ပဲ စိတ်ပျက်စရာ ကောင်းလှပါသည်။ ကျွန်တော်တို့ နေထိုင်ရာလူ့ အဖွဲ့ အစည်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဘာသာစကား ဘာသာတရား မတူညီမှုတွေကို အချင်းချင်းလေးစားနားလည်ဖို့ ကြိုးစားနေကြရာ ယခုလိုအဖြစ်မျိုးကို ခုံမင်သည် နှစ်သက်သည်ဆိုသောသူတို့ မှာသာမန်လူများမဖြစ်နိုင် အရူးများသာဖြစ်ပါလိမ့်မည်။


ကျွန်တော့မှာအရှုပ်အထုပ်များထဲဝင် မပါဝင်ပဲ ခပ်ကင်းကင်းနေချင်သည့်တိုင်ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့်တွေ့ ဆုံမိသွား၍ ရှောင်နိုင်စရာ လမ်းမမြင်ပါ။ကျွန်တော်တို့  အနေဖြင့် ဆဲနေရုံဖြစ်လည်း ပြီးနိုင်လိမ့်မည်မထင်ပါ။ ရင်ဆိုင်ရပါလိမ့်မည်။ ထိုထက်ပို၍ ဗုဒ္ဓရဲ့ အဆုံး အမများဖြင့် ပြန်လည် ရင်ဆိုင်ရ ပေလိမ့်မည်။ အမှန် စင်စစ် ဘာသာရေး စိတ် သဘောထားကြီးမှုသည် ဗုဒ္ဓ အလေးအနက်ဟောကြားခဲ့ သောတရားဖြစ်သည်။"ရဟန်းတို့ သူတစ်ပါးတို့က ငါ၏အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကိုဖြစ်စေ၊ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြသောကြောင့်သင်တို့ အမျက်ထွက်မည်၊ နှလုံးမသာမည်ဖြစ်လျှင် သင်တို့ အားသာအန္တာရာယ်ဖြစ်၏၊ သင်တို့သည်သူတစ်ပါး၏ စကားကောင်း စကားဆိုးကို သိနိုင်ကြမည်မဟုတ်။ " (ဒီဃနိကာယ်၊ဗြဟ္မဇာလသုတ်)"ရဟန်းတို့ သင်တို့သည် ဤ အယူသည်သာ မှန်၏၊ အခြား အယူ အားလုံးသည်အချီးအနှီးဟု မစွဲမှတ်သင့်" ဟူသော ဗုဒ္ဓ သြ၀ါဒမှာ ပိဋကတ်၌ ထပ် တလဲလဲ တွေ့နေရသော သြ၀ါဒ ဖြစ်သည်။ ထိုကြောင့် ဥရောပတိုက်၌ ဘာသာတရားကို အကြွင်းမဲ့ယုံကြည်သော၊ဘာသာတရားနှင့် ဆန့်ကျင်ဘက် ပြောသော သိပ္ပံပညာရှင်များသည် နှိပ်ကွပ်ခြင်းခံကြရသည်။ ဘာသာရေးအယူသီးမှုကြောင့် ဘာသာရေးစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ဗုဒ္ဓ၀ါဒသမိုင်း၌မူဘာသာရေးစစ်ပွဲများမရှိဘဲ စိတ်သဘောထား တရားကြီးမှုအတွက် အသောကမင်းကဲ့သို့  သောကမ္ဘာစံပြပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့သည်။


အကယ်၍ ကျွန်တော်တို့ ခံယူထားသော ဗုဒ္ဓ၀ါဒသည် မှန်ကုန်သည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ပါက သူတစ်ပါး၏ ဝေဖန်ဆန်းစစ်မှုအား ခံနိုင်ရပေလိမ့်မည်။ ဝေဖန်မှုအားလည်း အချက်ကျကျ ပြန်လည်ဆွေးနွေးနိုင်ရမည်။ သို့ပေမဲ့ ကလောင် လေလည် သလိုစော်ကား ဝေဖန်မှုကိုဖြင့် ဘယ်အမျိုးကောင်းသားမှ လက်မခံနိုင်ပါ။ ယခုအဖြစ်အပျက်မှာ ထိုသို့သော အဖြစ်အပျက်သာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ဗုဒ္ဓဟောကြားခဲ့သော ဥပေက္ခာတရားအားကျင့် သုံးရန်သာရှိသည်။(ဥပေက္ခာ တရားဆိုရာ၌ လျစ်လျူရှုခြင်းအားမဆိုလိုပဲ ကမ္ဘာမြေ ကဲ့သို့သော မတုန်မလှုပ် သီးခံမှုအားဆိုလိုသည။်)


သို့ကြောင့်သူတို့Blog ဆီသို့ မကြာခဏရောက်ခြင်း၊သူတို့၏Postထဲဆဲရေးတိုင်းထွာခြင်း၊ Comment ရေးခြင်းများသည်သူတို့၏ဖြစ်တည်မှုအား တစ်စုံတစ်ရာအားဖြင့် အသိအမှတ်ပြုရာ ရောက်သဖြင့် ထိုသို့သော အပြုအမူမျိုးမှ တတ်နိုင်သမျှရှောင်ရှားကြပါရန် ဗုဒ္ဓဘာသာဝင်များအား အကြံပေးတိုက်တွန်း လိုပါသည်။ ထိုသို့ဆိုရာ၌ လည်းထို Blog ဆီသွားရောက်သည့် လူအများစုမှာ ဗုဒ္ဓဘာသာဝင်များပင် ဖြစ်နေသောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင်ထို Blog မှာ သူတို့ရည်ရွယ်ချက်ပျက်ပြားပြီး မကြာခင် အချိန်ကာလအတွင်း ကွယ်ပျောက်သွား လိမ့်မည်ဟုယူမိပါသည်။


Ref: ဦးအေးမောင်(ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ)



ဆရာလုပ်ချင်စိတ် စိုးစေ့မျှမရှိပါ။ကျွန်တော် စိတ်ထင်ရာအား မျှဝေအကြံပေးတိုက်တွန်းထားခြင်းသာဖြစ်သည်


5 comments:

Yu Shwe said...

အင်း... သို့ ပေမယ့်လဲ ဒီလူမျိုးတွေက ဘာဘာသာမှန်းတောင်မသိအောင်ဖြစ်နေတယ်...
သူတို့ ကို ရှင်းပြလဲ ကျွဲပါးစောင်းတီးသလိုဖြစ်တယ်
ငါလဲမနေနိုင်မထိုင်နိုင်ရှင်းပြမိတာ .. သူခိုးကလူအဟစ်ခံရသလိုဖြစ်သွားပါလေရော...
နောက်တော့မ၀င်ဖြစ်အောင်ပဲနေရတော့တယ်.. အကုသိုလ်များလွန်းလို့ 

ဒဏ္ဍာရီ said...

မောင်လေးရေ... ကိုပီတာ ဆိုက်ကနေ တဆင့် စီဘောက်မှာ တိုက်ခိုက်ထားတာတွေ မြင်တွေ့နေရပါတယ်။ စိတ်မကောင်း ဖြစ်ရသလို သူ့ကံသူခံပါစေမယ်ဆိုတဲ့ မေတ္တာစိတ်နဲ့ ဖြေလျှော့နေလိုက်ရပါတယ်။ ကိုယ်တွေက ဆက်ရှင်းလေ ပိုဆိုးလေ ဖြစ်တော့မယ်။

ခင်မင်လေးစားလျှက်

အင်ကြင်းသန့် said...

ကိုသော်ဇင်စိုးရေ...
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ်လို့ပဲ တွေးထားလိုက်တော့တယ်
စမိရင် ဆုံးမှာမဟုတ်တော့ဘူး (ဟူးးးးးးးးးးး)

နေ့အိပ်မက် said...

နေ့အိပ်မက်တော့ တစ်ခါရောက်ပြီးကတည်းက မသွားတော့ဘူး။ အချိန်ကုန်၊ အကျိုးမရှိ။ ရေးထားတဲ့သူကိုပဲ သနားမိပါတယ်။

Kyaw Nyo Thway said...

အဲ့ဒိကောင်က ဘာကောင်မှန်းမသိပါဘူး။
အမှန်တော့ ဘယ်ဘာသာကို ကိုးကွယ်ကွယ်မကွယ်ကွယ်၊ သူများဘာသာကို လာရောက်တိုက်ခိုက်တယ်ဆိုတာ။ သိပ်ကို ညံဖျင်းပြီး။ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ သဘာဝကျကျတွေးကြည့်ရင် လူတိုင်းမှာ ကိုယ်ထင်ရာ ကိုယ်လုပ်ခွင့်ရှိတယ်။ အင်း...ဒါပေမယ့် သူတပါးကို သွားပြီးတော့ ထိခိုက်အောင် တိုက်ခိုက်ခွင့်မရှိဘူး။

စားရေးသူပြောတဲ့အတိုင်းပဲ သူ့ရဲ့ရည်မှန်းချက်က အဆဲခံရလေ အောင်မြင်လေ လို့သူခံယူထားပုံရပါတယ်။ အဲ့ဒိတော့ ဥပေက္ခာတရား ရဲ့ အကျိုးဘယ်လောက်ပြင်းတယ်ဆိုတာကို ဒီလိုကောင်းသိအောင် ပြသတာကောင်းပါတယ်။

Post a Comment

GO UP