ဗုဒ္ဓသည် ဆန့်ကျင်ဘက်အကြောင်းတရား များကြောင့် အတိတ်ကံ၏ အကျိုးပေးမှုအရာ မထင်တတ်ပုံကို အင်္ဂုတ္တရနိကာယ်၌ ဟောကြားခဲ့၏။ ထိထိ မိမိ ဥပမာများနှင့် မှတ်သားဖွယ်ကောင်းသော ဒေသနာဖြစ်၍ အတော်အတန်ပြည့်စုံစွာ ဖော်ပြပါအံ့။
"ရဟန်းတို့ ဤလောက၌အနည်းငယ်မျှသော မကောင်းမှု ကံသည်အချို့သော ပြုသူကို ငရဲသို့ဆောင်၏။ အချို့သော ပုဂ္ဂိုလ်အဖို့မူ ဒုတိ ယဘ၀၌ အနည်းငယ်မျှသော အကျိုးမထင်။ ဥပမာအားဖြင့် ရေနည်းသော ခွက်၌ဆား ကိုထည့်ပါက ထိုရေသည် သောက်၍ မရသော ဆားငန်ရေ ဖြစ်လာရာ၏။ ထိုဆားကိုပင် ဂင်္ဂါမြစ်၌ ထည့်ပါက ရေထုများပြားသောကြောင့် သောက်၍မရအံ့သော ဆားငန်ရေ ဖြစ်မလာနိုင်ချေ။ "
အခြားဥပမာအားဖြင့် ဤလောက၌အချို့ လူတို့သည် အသပြာဝက်၊ သို့မဟုတ် အသပြာတစ်ရာဖြင့် အချုပ်အနှောင်ခံကြရ၏။ ထိုသူတို့သည်ဆင်းရဲ၍ ကိုယ်ပိုင် ဥစ္စာ၊ ကိုယ်ပိုင်အသုံးအဆောင် နည်း၏။ အချို့လူများမှာ မူထိုပြစ်မြှု ဖင့် အချုပ်အနှောင် မခံကြရချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့မှာ ချမ်းသာ၍ ကိုယ်ပိုင်ဥစ္စာ၊ အသုံးအဆောင်များစွာရှိသည်။
"အခြားဥပမာကား ဆိတ်ပိုင်ရှင်တို့သည် အချို့သော ဆိတ်သူခိုးတို့ကို သတ်ရန်၊ ချုပ်နှောင်ရန် သို့မဟုတ်ဥစ္စာဆုံးရှုံးစေရန် တတ်စွမ်းနိုင်၏။ အကြောင်းမူ ထိုဆိတ်သူခိုးတို့သည် ဆင်းရဲ၍ကိုယ်ပိုင်ဥစ္စာ အသုံးအဆောင်နည်း၏။ အချို့သော ဆိတ်သူခိုးတို့ကိုမူ မည်သို့မျှ ပြစ်ဒဏ်မပေးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဆိတ်သူခိုးတို့သည် ချမ်းသာကြွယ်ဝ၍ ဥစ္စာအသုံးအဆောင်များစွာရှိ၏။ စင်စစ် ဆိတ်သူခိုးသည်မင်း သို့မဟုတ် အမတ်ကြီးဖြစ်၍ ဆိတ်ပိုင်ရှင်သည် ဆိတ်ကိုဖြစ်စေ၊ ဆိတ်၏တန်ဖိုးကိုဖြစ်သော် ပြန်လည်ရရှိရန် ထိုသူကို တောင်းပန်အသနားခံရ၏။ "
"ရဟန်းတို့ ထို့အတူသာလျှင် အနည်းငယ်မျှသော မကောင်းမှုကံသည်ပြု သောသူကို ငရဲသို့ ဆောင်၏။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် ကာယဘာဝနာကိုမပွားများ၊ သီလက မပွားများ၊ စိတ်ကိုလည်း မပွားများ၊ ပညာကိုလည်းမပွားများ၊ ထိုသူသည် ဂုဏ်အားဖြင့်ငယ်၏။ ဂုဏ်ငယ်သောအားဖြင့် ခန္ဓာကိုယ်လည်းငယ်၏။ အနည်းငယ်မျှသော မကောင်းမှု ဖြင့် ဆင်းရဲစွာနေရ၏။ အချို့သော ပုဂ္ဂိုလ် အဖို့မူ ကား ထိုမကောင်းမှုကံသည် ဒုတိယဘ၀၌ အနည်းငယ်မျှသော အကျိုးသည်ပင်မထင်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် သီလ၊ ဘာဝနာ၊ ပညာပွားများ၏။ ဂုဏ်အားဖြင့်မငယ်။ ဂုဏ်ကြီးသောအားဖြင့်ခန္ဓာကိုယ်ြ ကီး၏။ ရာဂစသည်တို့ကင်း၏။ ဤသို့သော ပုဂ္ဂိုလ်အဖို့မကောင်းမှုသည် ဒုတိယဘ၀၌ အဘယ်မှာ အချိုးထင်ပါတော့အံ့နည်း။ "(အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၊ လောဏကပလ္လ၀ဂ်၊ လောဏကပလ္လကုတ်)
နိဂဏ္ဌ၏ တပည့်ဖြစ်သောရွာသူကြီးတဦးက မြတ်စွာဘုရားအား "အရှင်ဘုရား၊ နိဏ္ဌနာဋပုတ္တသည် အသက်သတ်သူ၊ မပေးသည်ကို ခိုးယူသူ၊ ကာမအရာ၌မှာယွင်းစွာကျင့်သူနှင့် မုသားစကားပြောသူ အာလုံးငရဲကျပါသည် ဟု ဟောပြောပါသည်" ဟုလျှောက်၏။ ထိုအခါ မြတ်စွာဘုရားက ဤသို့ဟောကြား၏။
ဤဗုဒ္ဓဒေသနာသည် ဗုဒ္ဓ၀ါဒီအများစု ခံယူထားသော အဋ္ဌကထာဆရာတို့၏ ကမ္မ၀ါဒနှင့် မည်မျှ ကွဲလွဲဆန့်ကျင်ကြောင်း အထူးရေးသားရန် မလိုချေ။ ဗုဒ္ဓ၏ အလိုအားဖြင့် မကောင်းမှုတစ်ခုကို ပထမအကြိမ် ပြုမိခြင်းသည် ဘ၀ပျက်စီး ဆုံးရှုံးရန် အကြောင်းမဟုတ်။ မိမိ အမှားကိုသိမြင်၍ နောင်ဘယ်အခါမျှ ထပ်မံမပြုမိစေရန် အမြဲဆင်ခြင် နေထိုင်သွားရန်သာလျှင် အရေးကြီး၏။ အယူမှားကြောင့် ငရဲကျသည် ဆိုရာ၌ မကောင်းမှုပြုမိသဖြင့် ဥဒ္ဓစ္စ၊ ကုက္ကစ္စဖြစ်၍ ငရဲ၌ လောလောဆယ် ခံနေရဘိသကဲ့သို့ စိတ်ဆင်းရဲ ခံစားမှုကို ဆိုလိုဟန်ရှိ၏။ အမှားကိုပြုမိမှုကြောင့် အလွန်အမင်းနောင်တရ၍ စိတ်နှလုံးပူပန်မှု (ဥဒ္ဓစ္စ၊ ကုက္ကစ္စ) နှင့် ငရဲအကြောင်းကို ရှေ့အခန်းများ၌ ဖော်ပြပါအံ့။
အဋ္ဌကထာဆရာတို့ သိရှိနားလည်သော ကံ၏အကျိုးပေးမှုသည် အထက်ပါဗုဒ္ဓဒေသနာများနှင့်အညီ မရေရာ၊ မသေချာပါက သတ္တ၀ါပုဂ္ဂိုလ်တစ်ဦး၏ တမလွန်ဘ၀သို့ ပါသွားသော ကံအကျိုးတရား (၀ါ) ကမ္မသတ္တိသည် မည်သို့သောအရာ ဖြစ်ပါသနည်းဟု စဉ်းစားရန်ရှိ၏။ ဤနေရာ၌ ဤရှေ့ပိုင်းတွင် ဖော်ပြခဲ့သော ဗုဒ္ဓ၏ဒေသနာများကို ပြန်လည် သတိပြုရမည်။ "ကံ သာလျှင် ကိုယ်ပိုင်ဥစ္စာ၊ မှီခိုအားထာရာ" ဆိုသော ဗုဒ္ဓစကားသည် ကံသုံးပါးဖြင့်ပြုမူသောအမှု၊ (၀ါ ) အကျင့်များကို သာလျှင် ရည်ညွှန်း၍ ဗုဒ္ဓ၀ါဒီအများခံယူထားသကဲ့သို့ ကံကို "ကမ္မ၀ိပါက"နှင့် ရောထွေး မှတ်မထားသင့်ချေ ။ ကောင်းမှုပြုရာ၌ တမလွန်ဘ၀ အကျိုးစီးပွား (ကမ္မ၀ိပါက)ကို မမျှော်မှန်းဘဲ စိတ်၏တန်ဆာ၊ အခြံအရံဖြစ်ရန် ပြုအပ်သည် ဟူသော ဗုဒ္ဓသြ၀ါဒနှင့် အညီ ကောင်းမှုများသည် သမာဓိ၊ ပညာ၏ အခြေခံစရိုက်ကောင်းများ ပြုစုပျိုးထောင်ရာ၌ အထောက်အကူပြုရန်ဖြစ်၏။
"ရဟန်းတို့ ဤလောက၌အနည်းငယ်မျှသော မကောင်းမှု
အခြားဥပမာအားဖြင့် ဤလောက၌အချို့ လူတို့သည် အသပြာဝက်၊ သို့မဟုတ် အသပြာတစ်ရာဖြင့် အချုပ်အနှောင်ခံကြရ၏။ ထိုသူတို့သည်ဆင်းရဲ၍ ကိုယ်ပိုင်
"အခြားဥပမာကား ဆိတ်ပိုင်ရှင်တို့သည် အချို့သော ဆိတ်သူခိုးတို့ကို သတ်ရန်၊ ချုပ်နှောင်ရန် သို့မဟုတ်ဥစ္စာဆုံးရှုံးစေရန် တတ်စွမ်းနိုင်၏။ အကြောင်းမူ ထိုဆိတ်သူခိုးတို့သည် ဆင်းရဲ၍ကိုယ်ပိုင်ဥစ္စာ အသုံးအဆောင်နည်း၏။ အချို့သော ဆိတ်သူခိုးတို့ကိုမူ မည်သို့မျှ ပြစ်ဒဏ်မပေးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဆိတ်သူခိုးတို့သည် ချမ်းသာကြွယ်ဝ၍ ဥစ္စာအသုံးအဆောင်များစွာရှိ၏။ စင်စစ် ဆိတ်သူခိုးသည်မင်း သို့မဟုတ် အမတ်ကြီးဖြစ်၍ ဆိတ်ပိုင်ရှင်သည် ဆိတ်ကိုဖြစ်စေ၊ ဆိတ်၏တန်ဖိုးကိုဖြစ်သော် ပြန်လည်ရရှိရန် ထိုသူကို တောင်းပန်အသနားခံရ၏။ "
"ရဟန်းတို့ ထို့အတူသာလျှင် အနည်းငယ်မျှသော မကောင်းမှုကံသည်ပြု သောသူကို ငရဲသို့ ဆောင်၏။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် ကာယဘာဝနာကိုမပွားများ၊ သီလက မပွားများ၊ စိတ်ကိုလည်း မပွားများ၊ ပညာကိုလည်းမပွားများ၊ ထိုသူသည် ဂုဏ်အားဖြင့်ငယ်၏။ ဂုဏ်ငယ်သောအားဖြင့် ခန္ဓာကိုယ်လည်းငယ်၏။ အနည်းငယ်မျှသော မကောင်းမှု ဖြင့် ဆင်းရဲစွာနေရ၏။ အချို့သော ပုဂ္ဂိုလ် အဖို့မူ ကား ထိုမကောင်းမှုကံသည် ဒုတိယဘ၀၌ အနည်းငယ်မျှသော အကျိုးသည်ပင်မထင်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်သည် သီလ၊ ဘာဝနာ၊ ပညာပွားများ၏။ ဂုဏ်အားဖြင့်မငယ်။ ဂုဏ်ကြီးသောအားဖြင့်ခန္ဓာကိုယ်ြ
အထက်ပါ ဗုဒ္ဓဒေသနာအရ အတိတ်ကံ၏ မကောင်းသော အကျိုးပေးမှုကို အား နည်းပျက်ပြယ်စေသော အကြောင်းတရားများမှာ ပစ္စည်းဥစ္စာဂုဏ်အရှိန်အ၀ါ၊ သမာဓိ၊ ဘာဝနာ၊ ပညာ စသည် တို့ဖြစ်၏။ ယနေ့ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ ကံဇာတာညံသည်ဟု ထင်မြင်သောအခါ ဗေဒင်ဆရာ၏ ညွှန်ကြားချက်နှင့် အညီယတြာချေ၏။ မကောင်းမှုပြုမိသော သူတို့သည် အလှူပေးခြင်း၊ တရားနာ ကြားခြင်း၊ ပရိတ်ရွတ်ဖတ် သရဇ္စုယ်ခြင်း စသည် တို့ဖြင့် အပြစ် ပပျောက်စေရန် အားထုတ်လေ့ရှိကြ၏။ ဤအစဉ်အလာ လုပ်နည်း လုပ်ဟန်များ သည်သမာဓိ ပညာ ဘာဝနာကို ဦးစားပေးသော အထက်ပါဗုဒ္ဓသြ၀ါဒနှင့် မကိုက်ညီချေ။ မကောင်းမှု၏ အကျိုး တရားကို ချေဖျက်ရန် အားထုတ်ရာ၌ ကျွန်ုပ်တို့အထူးအသုံးပြုရမည့် လက်နက်မှာ အသိဥာဏ်ပညာဖြစ်၏။ အသိဥာဏ် ပညာ ဦးဆောင်ပါက အသက်သတ်ခြင်း ကဲ့သို့သော ဒုစရိုက်မကောင်းမှုမှပင် လွတ်မြောက်နိုင်ကြောင်း ဗုဒ္ဓက အောက်ပါအတိုင်း ဟောကြားခဲ့သည်။
နိဂဏ္ဌ၏ တပည့်ဖြစ်သောရွာသူကြီးတဦးက မြတ်စွာဘုရားအား "အရှင်ဘုရား၊ နိဏ္ဌနာဋပုတ္တသည် အသက်သတ်သူ၊ မပေးသည်ကို ခိုးယူသူ၊
"ရွာသူကြီး၊ ဤလောက၌ အချို့သောဆရာတို့သည် အသက်သတ်သူ၊ မပေးသည်ကိုခိုးယူသူ၊ ကာမအရာ၌ မှားယွင်းစွာကျင့်သူနှင့် မဟုတ် မမှန်ပြောသူအားလုံးသည် အပါယ်ငရဲ ကျသည် ဟုဆိုလေ့ရှိ၏။ ထိုဆရာတို့ကို ကြည်ညိုသောသူအား ငါ သည်အသက်ကို သတ်မိသောကြောင့် ငါ၏ဆရာ ဆိုသည့်အတိုင်း ငရဲသို့ကျလတ္တံ့ ဟူသော အယူသည် မှားသည်ဖြစ်၏။ ထိုသူသည် ထိုအယူကို မပယ်ခဲ့သော်လည်း ငရဲသို့ ကျ၏။ အကယ်၍ ထိုသူသည် မြတ်စွာဘုရား၏ တရားကို ကြားနာပြီးနောက် ဤသို့ဆင်ခြင်၏။ မြတ်စွာဘုရားသည် အသက်သတ် ခြင်းကို ကဲ့ရဲ့ ၍ ထိုမကောင်းမှုကို ရှောင်ကျင်ရန်ဟော၏။ ငါသည် သူတစ်ပါးအသက်ကို သတ်မိ၏။ သူ့အသက်ကို ငါသတ်မိခြင်းသည် မကောင်း။ သို့ရာတွင်ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာဖြစ်ခဲ့လျှင် ထိုမကောင်းမှုကို ငါမပြုဟူ၍ ဖြစ်နိုင်မည်မဟုတ် ဟုဆင်ခြင်၍ ထိုသူသည် အသက်သတ်ခြင်းကို စွန့်၏။ နောင်အခါ၌ ထိုမကောင်းမှုကို ရှောင်ကြဉ်၏။ ဤသို့ဖြင့် ထိုမကောင်းမှုမှ လွန်မြောက်၏။" ဟုမိန့်ကြား၏။ သူတစ်ပါးဥစ္စာကို ခိုးခြင်းစသော ကျန်မကောင်းမှုသုံးမျိုးနှင့် စပ်လျဉ်း၍လည်း ထိုနည်းတူဟောတော်မူ၏။ (သံယုတ္တနိကာယ်၊ ဂါမဏိသံယုတ်၊ သင်္ခဓမသုတ်)
ဤဗုဒ္ဓဒေသနာသည် ဗုဒ္ဓ၀ါဒီအများစု ခံယူထားသော အဋ္ဌကထာဆရာတို့၏ ကမ္မ၀ါဒနှင့် မည်မျှ ကွဲလွဲဆန့်ကျင်ကြောင်း အထူးရေးသားရန် မလိုချေ။ ဗုဒ္ဓ၏ အလိုအားဖြင့် မကောင်းမှုတစ်ခုကို ပထမအကြိမ် ပြုမိခြင်းသည် ဘ၀ပျက်စီး ဆုံးရှုံးရန် အကြောင်းမဟုတ်။ မိမိ အမှားကိုသိမြင်၍ နောင်ဘယ်အခါမျှ ထပ်မံမပြုမိစေရန် အမြဲဆင်ခြင် နေထိုင်သွားရန်သာလျှင် အရေးကြီး၏။ အယူမှားကြောင့် ငရဲကျသည် ဆိုရာ၌ မကောင်းမှုပြုမိသဖြင့် ဥဒ္ဓစ္စ၊ ကုက္ကစ္စဖြစ်၍ ငရဲ၌ လောလောဆယ် ခံနေရဘိသကဲ့သို့ စိတ်ဆင်းရဲ ခံစားမှုကို ဆိုလိုဟန်ရှိ၏။ အမှားကိုပြုမိမှုကြောင့် အလွန်အမင်းနောင်တရ၍ စိတ်နှလုံးပူပန်မှု (ဥဒ္ဓစ္စ၊ ကုက္ကစ္စ) နှင့် ငရဲအကြောင်းကို ရှေ့အခန်းများ၌ ဖော်ပြပါအံ့။
အဋ္ဌကထာဆရာတို့ သိရှိနားလည်သော ကံ၏အကျိုးပေးမှုသည် အထက်ပါဗုဒ္ဓဒေသနာများနှင့်အညီ မရေရာ၊ မသေချာပါက သတ္တ၀ါပုဂ္ဂိုလ်တစ်ဦး၏ တမလွန်ဘ၀သို့ ပါသွားသော ကံအကျိုးတရား (၀ါ) ကမ္မသတ္တိသည် မည်သို့သောအရာ ဖြစ်ပါသနည်းဟု စဉ်းစားရန်ရှိ၏။ ဤနေရာ၌ ဤရှေ့ပိုင်းတွင် ဖော်ပြခဲ့သော ဗုဒ္ဓ၏ဒေသနာများကို ပြန်လည် သတိပြုရမည်။ "ကံ သာလျှင် ကိုယ်ပိုင်ဥစ္စာ၊ မှီခိုအားထာရာ" ဆိုသော ဗုဒ္ဓစကားသည် ကံသုံးပါးဖြင့်ပြုမူသောအမှု၊ (၀ါ
(ဆက်လက်ဖော်ပြပါဦးမည်)
.............................. .............................. ...................
ထိုရေးသားမှုများမှာ ဆရာဦးအေးမောင် ရေးသားခဲ့သော ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းမှ ကမ္မသတ္တိနှင့် ကမ္မ၀ါဒအခန်းအား တိုက်ရိုက်ကူးယူဖော်ပြထားခြင်ြး ဖစ်သည်။ ထိုသို့ဖော်ပြခြင်းကြောင့် အဓိပ္ပာယ်တစ်စုံတစ်ရာချုပ်ယွင်း ကုန်ငြားအံ့။ မူရင်းကျမ်းပြု ဆရာဦးအေးမောင်နှ င့် ဘာမျှမသက်ဆိုင်ဘဲကြိုးစားရန် အထူးလိုသေးသော အကျွန်ုပ်၏တာဝန်သာ ဖြစ်ပြီး ထိုစာများကြောင့် စာဖတ်သူအတွက် တစ်စုံတစ်ခု အကျိုးရှိစေငြားအံ့။ မူရင်းကျမ်း ပြုသူ ဆရာဦးအေးမောင်ကိုသာ လေးစား ကျေးဇူးတင်ရန် တိုက်တွန်းလိုပါသည်
0 comments:
Post a Comment