"ရဟန်းတို့၊များစွာကုန်သော ရဟန်းပုဏ္ဏားတို့၏ အယူများတွင် မက္ခလိဂေါသာလ၏ အယူကိုအယုတ်ဆုံး ဟူ၍ဆိုအပ်၏။မက္ခ လိဂေါသာလသည် ကုသိုလ်ကံ၊ အကုသိုလ်ကံသည်မရှိ၊ကုသိုလ်ကောင်းမှု အကုသိုလ် မကောင်းမှု ပြုခြင်း၏ အကျိုးသည် မရှိ။ အားထုပ်အံ့သော ၀ီရိယအကျိုးသည်မရှိဟုဆိုလေ့ရှိ၏။ သူ၏အယူသည်များစွာသောသတ္တာဝါတို့၏ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ပျက်စီးခြင်းငှာဖြစ်၏။ (အဂုင်္တ္တရနိကယ်၊ တိကနိပါတ်၊ကေသကမ္ဗလသုတ်)
ဤသို့လျှင် မိမိမနှစ်သက်သော အယူဝါဒကိုမဝေဖန်ဘဲ ဆိတ်ဆိတ်နေတော်မူလေ့ရှိသော ဗုဒ္ဓသည် ကမ္မ၀ါဒကိုပယ်သော မက္ခလိဂေါသာလရဲ့ အယူကို ကဲ့ရဲ့ ရှုတ်ချတော်မူခဲ့၏။ ဗုဒ္ဓ၏ အဆိုအားဖြင့် များစွာသောအာဇီဝက တက္ကတွန်းတို့တွင် ကမ္မ၀ါဒကိုယုံကြည်သောတစ်ဦးတည်းသော တက္ကတွန်းသာလျှင် နတ်ပြည်ကိုလားရာ၏။(မဇ္စိုမနိကယ်၊ တေ၀ိဇ္ဖ၀စ္ဆဂေါတ္တသုတ်) မီးကိုလုပ်ကျွေး၍ တိ တ္တိဖြစ်ဖူးသော ရသေ့တို့အားပရိမပေးဘဲ (၀ါ) လေးလမဆိုင်းငံ့စေဘဲ ရဟန်းခံပေးရန် ဗုဒ္ဓကခွင့်ပြု၏။ (၀ိနည်းပိဋကတ်၊ မဟာဝဂ္ဂ)
"သတ္တ၀ါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏။ ကံသာလျှင်အမွေခံရှိကြကုန်၏။ကံသာ လျှင် အကြောင်း၊အဆွေအမျိုးအားထား ကိုးကွယ်ရာ ရှိကြကုန်၏။ ကံသာလျှင် အယုတ်အမြတ် ဖြစ်စေခြင်းငှာ စီမံ၏။"(မဇ္စိုမနိကယ် ၊စူဋ္ဌကမ္မ ၀ိဘင်္ဂသုတ်)
'ကမ္မ'ဟူသည် အလုပ်ဖြစ်၍ ကမ္မ၀ါဒသည်တစ်စုံတစ်ခုသော အလုပ်ပြုလုပ်ခြင်းမှာ အချည်းနှီးမဖြစ်ပဲ အကျိုးသက်ရော က်မှုရှိသည်ဟူသောအယူဖြစ်၏။ အထက်ပါ ဗုဒ္ဓ ဒေသနာသည် အတိတ်ဘ၀ကံကို သာလျှင်အထူးရည်ညွှန်းခြင်း မဟုတ်ကြောင်း သတိပြုသင့်ပေ၏။ မြန်မာဗုဒ္ဓ၀ါဒီတို့သည် အများအားဖြင့် ကံတရားကို အတိတ်ဘ၀ကံ၏ အကျိုးပေးမှုအဖြစ်ဖြင့်သာ သိမြင်နားလည်ကြ၏။ အမှန်ဆိုသော်ကျွန်ုပ်တို့သည် ကမ္မ၀ါဒီကို ဘ၀သံသရာစွဲဖြင့် မခံယူဘဲ မိမိကိုယ်ကို အားကိုးကြရန် ဟောကြားသော ဗုဒ္ဓသြ၀ါဒနှင့် အခါမလင့်အကျိုးပေးမှုတည်းဟူသော ဗုဒ္ဓဓမ္မ၏အကာလိကဂုဏ်ကို နှလုံးသွင်း၍ဆင်ချင် သုံးသပ်ရပေမည်။ ဤသို့အသိပညာဖြင့် ဆင်ခြင်ပါက ကမ္မ၀ါဒသည် လူသားမှာ မိမိ၏ မျက်မှောက် တိုးတက်ကြီးပွားမှုကို စီမံဖန်တီး နိုင်စွမ်းရှိခြင်းကို ဖော်ညွှန်းသော ၀ါဒ ဖြစ်ကြောင်းထင်ရှား၏။
ဤအချက်ကို ကောင်းစွာနားလည်သော ပါဋ္ဌိပညာရှင်မစ္စတာရိုင်းစ်ဒေးဗစ် ၏ အဆိုအားဖြင့် "ပါဋ္ဌိနှင့်ပိဋကတ်စာပေများ၌ကာယကမ္မ၊၀စီကမ္မ၊ မနောကမ္မ ဆိုသော စကားသုံးလုံးကိုတွေ့ရ၏။"
"ကမ္မ၀ါဒသည်မည်သည့်အချိန်ကာလ၊ မည်သည့်ရာဒေသ၌ စတင်ပေါ်ပေါက်ခဲ့သည်ဖြစ်စေ လူ့ဘ၀နှင့်စပ်လျဉ်း၍ ထူးခြားသောအတွေးအမြင်သစ်ကို ဖန်းတီးပေးသောဝါဒ ဖြစ်၏။ ကမ္မ၀ါဒ၌ လူသည်မိမိ၏ အမှုများနှင့်တစ်လုံးတစ်စည်း တစ်ပေါင်းတည်းဖြစ်လာ၏။ ပတ်ဝန်းကျ င် အကြောင်းတရားများ၏ ပြုပြင်မှုကို ခံရသော သာမန်သတ္တ၀ါမဟုတ်တော့ဘဲ ပြုလုပ်သူဖြစ်လာ၏။ သူသည်အတိတ်ကာလအမှုများကို ပြန်ကြည့်၍အနာဂတ်ကာလအမှုများကို ရှုမျှော်၏။ မိမိပြုသော အမှုများ အကျိုးပေးသည့်အတိုင်း ယခုဖြစ်နေသည်။ နောင်လည်းဖြစ် မည် ဟုယုံကြည်၏။မိမိကိုယ်ကို စီမံဖန်တီးသောပုဂ္ဂိုလ်အဖြစ် ရှုမြင်လာ၏။"
ဤသို့သော အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးကို ရှေးဗုဒ္ဓစာပေ၌ မတွေ့ရချေ။ပိဋကတ်စာပေ၌မျက်မှေက် ဘ၀၌ပြုသော ကောင်းမှုမကောင်းမှုမျးကြာင့် တမလွန်ဘ၀၌ခံစားရမည့် ကောင်းကျိုးဆိုပြစ်များကို အလေး ပေး၍ဖော်ပြထား၏။ ထိုအထာကထာ ဆရာများ၏ ခံယူချက်မှာပိဋကတ်စာပေ၌ ဗုဒ္ဓကပြတ်သားစွာပယ် သောသဗ္ဗပုဗ္ဗေကတဟေတုဝါဒဖြစ်၏။
"ရဟန်းတို့ အကိယာဒိဋ္ဌိသုံးမျိုးဟူသည်ကား အလုံးစုံသော ချမ်းသာမှု၊ ဆင်းရဲမှုတို့သည် ရှေးကပြုခဲ့သောအကြောင်းကြောင့်ဖြစ်သည် ဟူသော အယူတစ်ပါး၊ လောကကို အစိုးရသော ဗြဟ္မာဘုရားဖန်ဆင်းမှုကြောင့် သာလျှင်ဖြစ်သည် ဟူသောအယူတစ်ပါး ၊ အကြောင်းမဖက် သက်သက် အလိုအလျောက် ဖြစ်သည်ဟူသော အယူတစ်ပါး၊ ဤသုံးပါဖြစ်၏။ ဤအယူများမှန်မည် ဆိုပါကလူတို့အဖို့ပြုလုပ်ဆောင်ရွက်ရန် ကိစ္စရှိတော့မည်မဟုတ် ။ သူတော်မြတ်သာမဏတို့၏ အယူဝါဒ သည်လည်း ဖြစ်ပေါ်တော့မည်မဟုတ်။" (အင်္ဂုတ္တရနိကယ် ၊ တိကနိပါတ် ၊တိတ္ထာယတသုတ်)
မောဋ္ဌိယသီဝိက မည် သော ပရဗိုဇ်က "အရှင်ဂေါတမ ၊ တစ်စုံတစ်ခုသောသုခဝေဒနာကိုဖြစ်စေ ၊ ဒုက္ခဝေဒနာကိုဖြစ်စေ ၊ လူတို့ခံစားရခြင်းသည်အားလုံးရှေးကံကြောင့်ဟု အချို့သော သာမဏ ဗြဟ္မာဏတို့ကဆိုကြပါသည်။ ဤအရာ၌ အရှင်ဂေါတမ မည်သို့ဆိုပါသနည်း။"ဟုမေးလျှောက်၏။ ဗုဒ္ဓ၏အဖြေကား"သီဝက၊ ဤလောက၌ဝေဒနာတို့သည် သလိပ်ကြောင့်သော်လည်းကောင်း၊ လေကြောင့်သော်လည်းကောင်း၊ သည်းခြေသလိပ်၊လေသုံးပါးပေါင်းဆုံခြင်းကြောင့်သော်လည်း ကောင်း၊ဥတုဖောက်ပြန်မှုကြောင့်သော်လည်းကောင်း၊ မညီမညွတ် ဆောင်ရွက်ခြင်းကြောင့်သော် လည်းကောင်း၊သူတပါး၏ လုံ့လပယောဂကြောင့်သော်လည်းကောင်း၊ ကံ၏အကျိုးကြောင့်သော် လည်းကောင်းဖြစ်ကုန်၏။ ဤအကြောင်းကို ကိုယ်တိုင်ဟုသိအပ်၏။ လောက၌အမှန်ဟုသမုတ်အပ်၏။ သို့ဖြစ်၍တစ်စုံ တစ်ခုသော ဝေဒနာခံစားမှုသည် ရှေးကံကြောင့်သာ ဖြစ်သည်ဆိုသောစကားကို အမှားဟုငါဆို၏။" (ဝေဒနာသံယုတ်၊ အဋ္ဌဿပရိယာယ၀ဂ်၊ သီဝကသုတ်)
ဤဗုဒ္ဓဒေသနာများသည် သဗ္ဗပုဗ္ဗေကတဟေတုဝါဒကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်စွ မ်း မရှိခဲ့ချေ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘီစီသုံးရာစုခေတ်၌ အိန္ဒိယပြည်မြောက်ပိုင်းရှိ သမ္မတိယ၊ အန္ဓက၊ မဟာသံဃိစသော ဗုဒ္ဓ၀ါဒဂိုဏ်းတို့သည် ဖြစ်ပျက်ခံစာမှု အားလုံးအတိတ်ဘ၀ကံ၌ အရင်းမူလ ရှိသည်ဟု ယုံကြည်ကြကြောင်း အဘိဓမ္မာပိဋကတ်လာ ကထာဝတ္ထု ၌ဖော်ပြထား၏။ ထိုဗုဒ္ဓ၀ါဒီ တို့သည် အသံ ကောင်းခြင်း၊အရုပ်ဆိုးခြင်း၊ အသက်ရှည်ခြင်းစသည်တို့မှာ အတိတ်ကံကြောင့်ဖြစ်သည်ဟုယုံကြည်ကြသည်ဆိုသည်၏။
သုတ္တန် ပိဋကတ်ထဲ သို့နောက်ကျမှ ၀င်ရောက်လာသော အပဒါန်ကျမ်း၌မူ ဘုရားရှင်၏ ၀ိပါတ်တော် ၁၂ပါးကိုဖော်ပြထား ၏။ ဗုဒ္ဓ၀မ်းတော်လားခြင်း၊ ခေါင်းခဲခြင်း ၊ ဒေ၀ဒတ်သေကြောင်းကြံစည်မှု ခံရခြင်း တို့သည်ဗုဒ္ဓ၏ပတိတ်ဘ၀မကောင်းမှု ကံများကြောင့် ဖြစ်သည် ဟုဆို၏။ဤအယူကို အရှင်နာဂသိန် မထေရ်ကမလိန္ဒပဥှာကျမ်း ၌ ရှင်းလင်းချေပထား၏။ မိလိန္ဒမင်းက ဘုရားရှင်သည် အကုသိုလ် တရား အားလုံးကိုအကြွင်းမဲ့ပြု၍ ဘုရားအဖြစ်သို့ ရောက်တော်မူပါသလော ဟုမေး၍ အရှင်နာဂသိန်က ဘုရားရှင် သည် အကုသိုလ်တရားအားလုံးကို ပယ်သတ်ပြီးနောက် ဘုရားအဖြစ်ကို ရောက်တော်မူသည် ဟု ဖြေ၏။
မိလိန္ဒ။ ။အရှင်ဘုရား၊ ထိုသို့တပြီးကား အဘယ်ကြောင့်၏ ဘုရားရှင်အား ခြေတော်ကို ကျောက်ဖြင့် ခတ်မိသောအနာလေနာ၊ ၀မ်းသွေးတော်ယိုသော ဝေဒနာတို့ ဖြစ်ပါရသနည်း။ အကုသိုလ်တရားနှင့် ကင်း၍ ခံစားအပ်သောဝေဒနာသည်မရှိ၊ အလုံးစုံသော ဝေဒနာသည် ကံကြောင့်သာလျှင် ခံစားရသည် မဟုတ်ပါလော။
နာဂသေန။ ။မင်းကြီး ၊ အလုံးစုံသော ဝေဒနာသည် ကံကြောင့်သာ လျှင် ခံစားရသည် မဟုတ်။ ဘုရားရှင် အား အနာ တို့ ဖြစ်ဖူး သည် မှန်၏။ထိုအနာတို့သည် ရှေးကပြုဖူးသော အမှုကြောင့်ဖြစ်သည်မဟုတ်။ လေ၊ သည်းခြေ၊သလိပ် စုဝေးဖောက် ပြန်သောကြောင့် သာလျှင်ဖြစ်၏။ ဘုရားရှင်၏ ခြေပေါ်သို့ကျသော ကျောက်ခဲသည် ရှေး မကောင်းမှုကံကြောင့် မဟုတ်။ ဒေ၀ဒတ်၏ လုံ့လပယောဂ ကြောင့်သာလျှင်ကျ၏။ မင်းကြီး၊လောက၌ရှေးကံကြောင့်ြ ဖစ်သော ဝေဒနာသည်နည်း၏။ ကံမှကြွင်းသော အခြားအကြောင်း တို့ကြောင့်ဖြစ်သော ဝေဒနာတို့သည် များ၏။
ဤသို့ ဗုဒ္ဓစာပေ၌ အတိအလင်း၊ အထင်အရှား၊ ပယ်ထားသော အယူသည် ယနေ့ များစွာသောဗုဒ္ဓ၀ါဒီတို့၌စွဲကပ်လျက်ရှိ၏။ ထိုဗုဒ္ဓ၀ါဒီတို့၏ ခံယူချက်မှာ တစ်နည်းအားဖြင့် ထာဝရဘုရားယုံကြည်သူတို့၏ ခံယူချက်မျိုးဖြစ်၏။ ထာဝရဘုရားယုံကြည်သော သူတို့က ဘာမဆို ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်သည် ဘုရားသခင်၏အလိုတော်ကို သိနိုင်ခဲသည်ဟုဆိုကြ၏။ တဖက်စွန်းရောက် ကမ္မ၀ါဒီတို့ကမူ သတ္တ၀ါဟူသမျှသည် ကံစီမံသည့်အတိုင်းဖြစ်သည် ကံတရား သည်ဆန်းကြယ်၍ ၎င်း၏အချို့သောလုပ်နည်းလုပ်ဟန်များကို မစဉ်းစားသင့်ဟု ခံယူထားကြ၏။
ဤသို့ ဗုဒ္ဓစာပေ၌ အတိအလင်း၊ အထင်အရှား၊ ပယ်ထားသော အယူသည် ယနေ့ များစွာသောဗုဒ္ဓ၀ါဒီတို့၌စွဲကပ်လျက်ရှိ၏။ ထိုဗုဒ္ဓ၀ါဒီတို့၏ ခံယူချက်မှာ တစ်နည်းအားဖြင့် ထာဝရဘုရားယုံကြည်သူတို့၏ ခံယူချက်မျိုးဖြစ်၏။ ထာဝရဘုရားယုံကြည်သော သူတို့က ဘာမဆို ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်သည် ဘုရားသခင်၏အလိုတော်ကို သိနိုင်ခဲသည်ဟုဆိုကြ၏။ တဖက်စွန်းရောက် ကမ္မ၀ါဒီတို့ကမူ သတ္တ၀ါဟူသမျှသည် ကံစီမံသည့်အတိုင်းဖြစ်သည် ကံတရား သည်ဆန်းကြယ်၍ ၎င်း၏အချို့သောလုပ်နည်းလုပ်ဟန်များကို မစဉ်းစားသင့်ဟု ခံယူထားကြ၏။
ဘာမဆို အတိတ်ကံကြောင့် ဖြစ်သည်ဆိုသောအယူသည် ကမ္မ၀ါဒစွဲ ဥပါဒါန်ဖြင့် မှားယွင်းစွာတွေးခေါ် ရာမှရရှိအပ်သော အယူဖြစ်၏။ အဆိုတစ်ခုကို အခြေပြု၍ ပြောင်းပြန်ကောက်ချက် မချအပ်ကြောင်း တက္ကဗေဒလေ့လာဖူးသူတိုင်း သိပြီးဖြစ်၏။ ပညာမတတ်လျှင် ဆင်းရဲမည်မှန်သည်ဆိုစေ ထိုအဆိုမှ တဆင့်ဆင်းရဲသောသူအားလုံးသည် ပညာမတတ်သောသူများဖြစ်သည်ဟုမဆိုသာချေ။ ဆင်းရဲမှု သည်ပညာမတတ်မှုမှအပ အခြားအကြောင်းတရားများကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထိုနည်းအတူ အမှုတစ်ခုမှ ကောင်းကျိုးဆိုးကျိုးဖြစ်ပေါ်ခြင်းကို လက်ခံယုံကြည်စေကာမူ သုခ ဒုက္ခဝေဒနာ အားလုံးသည်အတိတ်ဘ၀ကံကြောင့် ဖြစ်သည်ဟု မှတ်ယူရန်အကြောင်းမရှိချေ။ အခြားအကြောင်း တရားများရှိပါလျက် အတိတ်ကံကိုသာ စဉ်းစားခြင်းသည် ဗုဒ္ဓသြ၀ါဒနှင့် မကိုက်ညီသည်အပြင် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုနှင့်လည်း ဆန့်ကျင်လျက်ရှိ၏။ အကြောင်းမူ သိပ္ပံဆရာသည် ပြဿနာတစ်ခုကို လေ့လာရာ၌ သိသာထင်ရှား၍ လက်တွေ့စမ်းသပ်ရန် ဖြစ်နိုင်သော အချက်များကို အလေးပေး၍ စူးစမ်းလေ့လာရ၏။ သို့ဖြစ်၍ ထိုသို့သော အကြောင်းအချက်များကို မစဉ်းစားပဲ အတိတ်ကံကို ယုံကြည်ခြင်းသည် အသိပညာကင်းသော ကမ္မ၀ါဒစွဲ ဥပါဒါန်ဖြစ်ရပေမည်။
(ဆက်လက်ဖော်ပြပါဦးမည်)
(ဆက်လက်ဖော်ပြပါဦးမည်)
.............................. .............................. ...................
ထိုရေးသားမှုများမှာ ဆရာဦးအေးမောင် ရေးသားခဲ့သော ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းမှ ကမ္မသတ္တိနှင့် ကမ္မ၀ါဒအခန်းအား တိုက်ရိုက်ကူးယူဖော်ပြထားခြင်ြး ဖစ်သည်။ ထိုသို့ဖော်ပြခြင်းကြောင့် အဓိပ္ပာယ်တစ်စုံတစ်ရာချုပ်ယွင်း ကုန်ငြားအံ့။ မူရင်းကျမ်းပြု ဆရာဦးအေးမောင်နှ င့် ဘာမျှမသက်ဆိုင်ဘဲကြိုးစားရန် အထူးလိုသေးသော အကျွန်ုပ်၏တာဝန်သာ ဖြစ်ပြီး ထိုစာများကြောင့် စာဖတ်သူအတွက် တစ်စုံတစ်ခု အကျိုးရှိစေငြားအံ့။ မူရင်းကျမ်း ပြုသူ ဆရာဦးအေးမောင်ကိုသာ လေးစား ကျေးဇူးတင်ရန် တိုက်တွန်းလိုပါသည်။
0 comments:
Post a Comment