May 25, 2010

မယ်မင်းကြီးမ မစောသီရိယု (ခ) မယုရွှေရည်ထွန်း (ဘ-မသိ) ရဲ့ တက်ပို့ဂ်လေးဖြစ်ပါတယ် ခင်ဗျား
ရီစရာလေးဖြစ်အောင် ရေးချင်ပေမဲ့ ဟာသဥာဏ်ခေါင်းပါးလှသော အကျနော်မျိုး မရေးပြနိုင်၍ သီးခံဖတ်စေချင်ပါတယ်ခင်ဗျား....
Name=
သော်ဇင်စိုး
A Food = သကြားမပါသော မုန့်များ
A Movie = သည်ဂရင်းမိုင် (The Green Mile)
A Flower = သစ္စာပန်း (အရွက်ရော အရိုးပါ)
A Fuit = သရက်သီး (အဖျားတက်တိုင်း စားချင်သောအရာ)
A Model = သင်ဇာဝင့်ကျော် (ပစ်ပီ...!!! ပစ်ပီ...!!! ပစ်...!!!ပစ်...!!!!)
A Colour = သစ်ခွ
A Drink = သေရည် (ပုလင်းဖြင့် ထုပ်ပိုးထားသော သေရည်ဟူသမျှ စိတ်ဝင်စားသည်)
A Song = သေချင်တယ် တင်ဖေရယ်.. တင်ဖေရယ် သေချင်တယ်
A Habit = သောက်ပြီးရစ်တတ်သည် (မသောက်ရင် ပိုရစ်သည်)
An Insect = သကြားမကြိုက်တဲ့ ပိုးကောင်များ (သတ္တ၀ါဆိုတာ လူချွတ်မှ ကျွတ်တာ..)
A Singer = သီချင်းဆိုတတ်သော မိန်းကလေးအဆိုတော်များအားလုံး (ခစ်..ခစ်...)
A Threaten = သမီးများရှိရင် စွန့်ကြဲကြပါ အမျိုးကောင်းသားတို့ရေ (အာလုပ်သံဖြင့် ပြောသည်)
A Thought = သေမင်း (ယမမင်း) မှာ သမီးဘယ်နှစ်ယောက် ရှိပါလိမ့် !?!?!?!?!?
A Journey = သောကြာကြယ်သို့ (ချစ်ချစ်လေးနဲ့ ဟန်းနီးမွန်း)
Body Structure = သင့်ကိုယ်ခန္ဓာကိုယ်ထက် < (သို့) > (သို့) = ဖြစ်နိုင်သည်
Something Want To Shout = သောက်ပြီးရင်အေးရာအေးကြောင်းနေ မရမ်းနဲ့ (ရမ်းရင်ထုမှာ..:( ...)
Something Found On The Road = သတ်ပစ် ချင်စရာကောင်းသော လောကကြီးထဲရှိ လူသားများ (တကယ်တော့ဘယ်ဟုတ်မလဲဗျာ တခါတလေ ဒေါသထွက်လို့ပါ)

5 comments:

ပိုးဟပ်လေး said...

ရယ်လည်း မရယ်ရဘူး.......ဗြဲ..
A Threaten တော့ ငါလည်း စိတ်ဝင်စားတယ်...

SHWE ZIN U said...

A Thought = သေမင်း (ယမမင်း) မှာ သမီးဘယ်နှစ်ယောက် ရှိပါလိမ့် !?!?!?!?!?

ကျနော် သိတဲ့ သေမင်း မှာတော့ သမီးတွေ အများကြီးရှိတယ် ဒါပေမဲ့ အပျိုတော့ မရှိတော့ဘူးထင်တယ်

ရလား

အဟဲ ရီရပါတယ် အားမလျှော့ပါနဲ့..ဟား..ဟား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နတ်ဆိုးလေး said...

သေချင်တယ် တင်ဖေရယ် ဆိုတာ ဘူ. ဆိုတာလဲဟင်..
စိုင်းစိုင်းလား ဂျောက်ဂျက်လား မကြားဖူးလို့..

ဒါနဲ့ လင့်ထားတာတောင် အနော် မသိလိုက်ဘူး
ကျေးဇူးတင်ပါတယ်။

အင်ကြင်းသန့် said...

ရီတော့မရီပါဘူး...ဖတ်ပြီး ပြုံးသွားတယ် :))

Unknown said...

မောင်သော်ဇင် သေရည်ကြိုက်ရင်... ပုလင်းလေးနဲ့ အရက်ပြန်တိုက်မယ်နော်... :P

Post a Comment

GO UP