May 23, 2010

ကျွန်တော့်အကြိုက်

ကိုဏီလင်းညို တက်ဂ်ထားတဲ့ပို့လေးပါ.. အခုမှရေးရတဲ့အတွက် စိတ်ထဲမသိုးမသန့်လည်းခံစားနေရပါတယ်.. ကိုဏီရေ ရေးပြီနော်.. စိတ်မကောက်ကြေး....:D

အမိမြေနဲ့ဝေးရာမှာ နေရတယ်ဆိုတော့ ပစ္စည်းပစ္စယတွေကို သိပ်မဝယ်ဖြစ်ပါဘူး.. ကျွန်တော်က ပီနန်မှာ တစ်နေ့တစ်နေ့ ဗမာစကားဆိုလို့ တစ်လုံးမှမပြောရအောင်တောင် တစ်ယောက်တည်းနေတာဆိုတော့ သက်မဲ့ပစ္စည်းလေးတွေကို အဖော်ပြုနေရပါတယ်.. ဒီပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်..

ကော်ဖီ
အရင်က ကျွန်တော် ကော်ဖီကိုတော်တော်မုန်းပါတယ်.. မနက်မနက်ကော်ဖီသောက်ရမှ Good Morning လို့အော်နိုင်တယ်ဆိုတဲ့ ကျွန်တော်နဲ့အတူတူနေတဲ့ ကျွန်တော်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း တော်တော်အမြင်ကပ်ပါတယ်.. သူငယ်ချင်းကောင်းတစ်ယောက်ပါ ကျွန်တော်ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်တတ်သလို ကျွန်တော့်စိတ်ချဉ်ဖောက်မှုတွေ၊ အသည်းကွဲတဲ့ခံစားမှုတွေကိုလည်း စိတ်ရှည်ရှည်နဲ့နားထောင်ပေးတတ်ပါတယ် :P သူဟာ ကျွန်တော်ဒုက္ခတွေ တွေ့ရတဲ့အချိန်တွေမှာ ကျွန်တော်အတွက် အတူရှိနေပေးခဲ့သလို ပျော်ရွှင်တဲ့အချိန်မှလည်း သူရဲ့အဆင်မပြေမှုတွေကို ဘေးဖယ်ပြီးလိုက်ပျော်ပေးခဲ့ပါတယ်.. နောက် သူကျွန်တော့်အပေါ်ကောင်းတာတွေကို ဘေးဖယ်ပြီး ကျွန်တော်သူအပေါ်ကောင်းခဲ့တာတွေကိုပဲ ရွေးပြောတတ်ပါသေးတယ်.. အခုတော့သူမရှိတော့ပါဘူး.. ကျွန်တော့်ကိုတစ်ယောက်တည်း ချန်ခဲ့ပြီး အကြောင်းကြောင်းကြောင့် မလေးရှားထောင်ထဲရောက်သွားပါပြီ.. သူကိုကျွန်တော်သူအတွက် လက်ဆုပ်လက်ကိုင်ပြရလောက်အောင် ဘာတစ်ခုမှ မလုပ်ပေးနိုင်ခဲ့ပါဘူး.. အချိန်ဟာ ခံစားမှုတွေကို ကုစားတတ်ပေမဲ့ ကျွန်တော်ကုစားမခံချင်ပါဘူး.. ဒါကြောင့်မနက်တိုင်း ကျွန်တော်ကော်ဖီသောက်ပါတယ်..

ကွန်ပြူတာ
အားလုံးနဲ့ခံစားမှုခြင်း တူညီကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်.. တစ်ယောက်တည်းနေရတဲ့ ကျွန်တော့်အတွက် ပြင်ပကမ္ဘာနဲ့ဆက်သွယ်ဖို့ တစ်ခုတည်းသော အဖော်ပါ.. သူက တစ်ခါတစ်ရံ ဖော်ပြလို့မရနိုင်တဲ့ ပျော်ရွှင်မှုလေးတွေပေးတတ်သလို တစ်ခါတစ်ရံ နွမ်းရှတဲ့ အဆွေးလေးတွေကိုလည်းပေးပါတယ်.. ဘာပဲဖြစ်ဖြစ် မနက်တိုင်းကော်ဖီသောက်ရင်း ကွန်ပြူတာကြည့်ရတဲ့ အရသာကို ကျွန်တော်ကြိုက်ပါတယ်..

စာအုပ်
မလေးရှားမှာ အခုလိုနှစ်တွေကြာနေတာ အဲဒီစာအုပ်ကြောင့်လည်းပါပါတယ်.. ကျွန်တော်ဟာ အင်္ကျီအ၀တ်အစားတို့ဝယ်ဖို့ဆိုရင် အရမ်းပျင်းပေမဲ့ စာအုပ်ဝယ်ဖို့ဆိုရင်တော့ ဘယ်လောက်ပဲဈေးကြီးနေပါစေ ရအောင်ဝယ်တတ်ပါတယ်.. ဒီရောက်စ နှစ်နှစ်လောက်အတွင်းက လစာတစ်ဝက်လောက်ဟာ စာအုပ်ဝယ်တာနဲ့ သီချင်းခွေဝယ်တာနဲ့ ပြောင်ခဲ့ရပါတယ်.. နောက်ထပ်လည်းထပ်ဝယ်ဦးမှာပါ.. ရန်ကုန်မှာနေတုန်းက ဆိုရင်ပိုဆိုးပါတယ်.. ပန်းဆိုးတန်းတစ်ခါရောက်ပြီဆိုရင် ရှိရှိသမျှပိုက်ဆံတွေအားလုံး စာအုပ်အသွင်ပြောင်းပြီးမှ အိမ်ပြန်ရောက်ပါတယ်.. ခုတော့သိပ်မ၀ယ်ဖြစ်တော့ပါဘူး.. ဒီပီနန်မှာ စာအုပ်ဆိုင်တွေစုံစုံလင်လင်မရှိတာကတစ်ကြောင်း အင်တာနက်သုံးနေရလို့ လိုချင်တဲ့စာအုပ်တွေကို download လုပ်ပြီးဖတ်တာကများပါတယ်.. ဒါပေမဲ့ သိပ်အဆင်မပြေလှပါဘူး.. ကွန်ပြူတာကြီးကိုကျွန်တော် နာရီနဲ့ချီပြီး မကြည့်နိုင်ပါဘူး ခုတောင် ဘယ်ဖက်မျက်လုံးက ဒုက္ခပေးနေပါပြီ.. မျက်မှန်မရှိတဲ့ကျွန်တော် မျက်မှန်တတ်ဖို့ သံချောင်းအခေါက်ခံနေရပါပြီ..

ဂီတာ (ကိုဏီးနဲ့တူသွားပီ :D)
မလေးရှားမှာနေခဲ့ လေးနှစ်တာကာလအတွင်းမှာ ကျွန်တော်ပိုင်ခဲ့တဲ့ တစ်ခုတည်းသော အနုပညာနဲ့ဆိုင်တဲ့ ပစ္စည်းလေးတစ်ခုပါ.. ကျွန်တော်ငယ်ငယ်က ကြားဖူးရုံကြားဖူခဲ့ဖူးတဲ့ တေးရေးဆရာ နိုင်မြန်မာရဲ့ အင်းလေးမှာရွာတဲ့မိုးနဲ့ ရွှေဂျော်ဂျော်ရေးပြီး လေးဖြူဆိုတဲ့ အလွမ်းရဲ့စီးကြောင်း တွေကိုနေ့တိုင်းတီးဖြစ်ပါတယ်..

CSO(Crazy Shooter Online)

ကျွန်တော့်ကိုပျော်စေတဲ့ ကျွန်တော်ရဲ့နောက်ဆုံးအဖော်တစ်ခုပါ.. Game ဆော့ရတာကို ငယ်ငယ်ကတည်းက ကြိုက်ပါတယ်.. အသက်ကြီးတော့လည်း ဒီအကျင့်ကမပျောက်သေးလို့ နှုတ်ခမ်းမွှေးကြီးတတ်ပြီး ကလေးတွေနဲ့ အပြိုင်ဆော့တုန်းပါ.. စနေနေ့ဆိုရင် မိုးလင်းထိညလုံးပေါက်ဆော့တတ်ပြီး ကျန်တဲ့ရက်တွေမှာတော့ အလုပ်နဲ့မို့သိပ်မဆော့ဖြစ်ပါဘူး.. စိတ်ဝင်းစားရင် ဒါမှမဟုတ် သူငယ်ပြန်ချင်တယ်ဆိုရင် ဒီပုံလေးမှာ ကလစ်လုပ်ပြီး လေ့လာလို့ရပါတယ်.. Download လုပ်စရာရှိတာတွေလုပ်ပြီးစဆော့နိုင်ပါပြီ.. :D လက်နက်ဝယ်တာတွေဘာတွေကို စဆော့တဲ့ တစ်လအတွင်း လိုချင်တဲ့ပစ္စည်းကို ကျွန်တော့် gmail ထဲ ပြောပါ.. :) ဆော့တဲ့အချိန်တိုင်း ကျွန်တော်က လက်ဆောင်ဝယ်ပေးပါ့မယ်.. နောက်လတွေတော့ ကိုယ်စရိတ်နဲ့ကိုယ်ပါ.. :P





9 comments:

သဒ္ဓါလှိုင်း said...

ကျွန်တော့်အကြိုက်တွေဖတ်သွားပါတယ်။။။ဒါနဲ့အိမ်လေးကလည်းအသစ်
လေးပါလား...

ခင်တဲ့
မသဒ္ဓါ

သိင်္ဂါကျော် said...

အလည်လာပြီး စာတွေ ဖတ်သွားပါတယ်..။

ဏီလင်းညို said...

ညီလေးသော်ဇင်ရေ.......
ကိုယ့်အကြိုက်တွေ လာဖတ်တယ်........။
အလုပ်ကပြန်ရောက်ရောက်ခြင်းလေ........။
(မောတာကွာ......ရေတိုက်...........း))

အကြိုက်တွေကတော့ တူတယ်.......။ ဂိမ်းမကြိုက်လို့ မကာစားဖြစ်တာ တစ်ခုတော့မတူဘူး............း))

ကော်ဖီသောက်တဲ့ သူငယ်ချင်းအကြောင်းကြားရတာ.......စိတ်မကောင်းလိုက်တာဗျာ........၊ ဘယ်လိုဖြစ်လဲ.........??

ရေးပေးတာ......ကျေးဇူးပါဗျာ.......။
(နောက်တက်ဂ်တော့မှာ မဟုတ်သလို .......ကိုဏီလည်း.......ဘယ်တော့မှ တက်ဂ်ပို့စ်မရေးတော့ဘူးလို့...... ဆုံးဖြတ်ပြီးသွားပြီလေဗျာ......။ ကိုဏီ့ဘလော့ဂ်လေးက “ဘလော့ဂ်စပေါ့(ထ်)နဲ့ ဟော့ရှော့(ခ်)”.......ဆိုတဲ့ပို့စ်လေးမှာ ရေးထားတယ်လေ...........း))

ခင်မင်တဲ့
ဏီလင်းညို

ပိုးဟပ်လေး said...

ှဂီတာတီးတတ်တယ်ပေါ့...
သင်ပေး သင်ပေးရဘူး...

blackroze said...

ကိုသော်ဇင်စိုးရေ
ကျွန်မလာလည်ပြီးစာတွေဖတ်သွားတယ်..
ကျွန်မလဲလေ...ကျွန်မအကြိုက်ဆိုပြီး..ရေးချင်လိုက်တာ
အဟီးးးးးးးးးးဘယ်သူမှမတက်ဂ်လို့
အဲဒီကိုဏီကြီးကလေ..ကျွန်မကိုတော့လာမတက်ဂ်ဘူးတော့...

ကော်ဖီအမြဲတမ်းသောက်တဲ့သူငယ်ချင်းအကြောင်းကြားရတာ..
ကျွန်မစိတ်မကောင်းဘူးကိုသော်ဇင်...
သူ့ကိုမသိပေမဲ့လည်းအဆင်ပြေပါစေလို့...ဆုတောင်းပေးပါတယ်

ခင်မင်လျှက်...blackroze

အင်ကြင်းသန့် said...

ကျွန်တော့်အကြိုက် ဆိုတော့ ဘာတွေလဲလို့ လာစပ်စုသွားတယ်...

ဟုတ်ပ...ကော်ဖီကြိုက်တဲ့ သူငယ်ချင်းက ဘယ်လိုဖြစ်သွားတာတုန်း ???

အိမ်လေးလင်းသွားလို့ စာဖတ်ရတာ တော်တော် အဆင်ပြေသွားပြီ ... ကျေးဇူးပဲ...

SHWE ZIN U said...

ကော်ဖီကြိုက်တယ်.(မသောက်ရရင် သေနိုင်တယ်) စာအုပ်ကြိုက်တယ်.(မဖတ်ရရင် သေနိုင်တယ်) ဂီတာ ကြိုက်တယ် ..ဗျင်း ဗျင်း ဗျတ် ဗျင်း..

ဂိမ်းမကြိုက်ပါ.. အချိန်တွေ ရှားပါးနေ၍ ဖြစ်ပါသည်..

သူငယ်ချင်း လေး အတွက်စိတ်မကောင်းပါ.. သတင်းကောင်းများ ရရင် ပြန်ပြောပါနော်..

ခင်တဲ့
ရွှေစင်

Unknown said...

ကိုသော်ဇင်.. ကော်ဖီကြိုက်တာတူတယ်ဗျိုး.. ဂီတာလဲ ကြိုက်တယ်.. ဂီတာသာ ကြိုက်တာ မတီးတတ်ဘူး.. ဝယ်ထားပြီး အလှကြည့်နေတာ.. ဟိဟိ ဂိမ်းကတော့ ဘာကြိုက်သလဲ မမေးနဲ့.. အခု တောင် တော်တော် ဖြတ်ထားရတာ.. ဒါတောင် နဲနဲလေး အားရင် ဂိမ်းသွားသွားဆော့နေတာ... စာအုပ်လဲ ကြိုက်တယ်...း) ဒါပေမဲ့ အင်တာနက်ကပဲ ဖတ်ဖြစ်တာများပါတယ်...း( ကော်ဖီကြိုက်တဲ့ သူငယ်ချင်းအကြောင်း ကြားရတာ စိတ်မကောင်းဘူး..း( သူနဲ့ ပြန်တွေ့တဲ့ အခါမှ ကော်ဖီဝယ်တိုက်လိုက်ပေါ့နော်...း)... comment က အလိုလိုနေရင်း ရှည်သွားတယ်... ကလဲ့စားချေတာ ဟုတ်ဘူးနော်... ဟိဟိ

ဘရာဗို said...

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ...

ကော်ဖီကို ကြိုက်တယ်ဆိုတော့ သဘောကျမိပါတယ်ဗျာ

Post a Comment

GO UP