January 4, 2010

စာစု(၂)


နင်ဟာ ယစ်မူးမှူကို မြင့်တက်စေတဲ့ဆေးတလုံးဖြစ်တယ်..
နောက်ငါ့မြေပုံပေါ်ပွင့်မဲ့ပန်းတစ်ပွင့်လည်းဖြစ်သေးတယ်..
နင်ဟာ ငါ့ရဲ့ ပျော်ရျွှင်မှူ ငါ့ရဲ့ စွမ်းအားရှင် ငါ့ရဲ့ နာကျင်မှူဖြစ်တယ်..
ရင်ထဲစွဲလန်းမှူရေချိန် မြင့်လေလေ သွေးထွက်များလာလေလေ
အချစ်နဲ့ အမုန်းဟာ တိုက်ရိုက်အချိုးဖြစ်ဆက်စပ်တယ်..
နှလုံးသားထဲသွေဖီသွားတဲ့ညီမျှခြင်းတွေကြောင့်
ထာဝရ အပင်ပန်းကြီးဆုံးအလုပ်တစ်ခု လုပ်နေရသလို ခံစားရတယ်..
စေတန်ရဲ့ ကျိန်စာကို မိထားတဲ့သူတစ်ယောက်လိုပဲ
အားလုံးကိုမေ့ပစ်လိုက်ရင် ငါ့အသက်ပါ ပါသွားလိမ့်မယ်...........!

ငါနဲ့ ထာဝရဘုရားသခင်နဲ့ ကဦးနှောက်ထဲရော နှလုံးသားထဲမှာပါ စီးချင်းတွေ အကြိမ်ကြိမ်တိုက်ထားတော့
ငါ့ယုံကြည်မှူတွေကို မီးရှိုပြီး ကလဲ့စားချေတယ်..
ဘယ်အရပ်ဒေသကမှန်းမသိတဲ့ ကံကြမ္မာမှာက တပည့်တပန်းများတော့ ကစားဝိုင်းထဲ ငါ့ကိုထထကန်တယ်..
ငါ့ဘ၀ကိုစားဖို့ အကြိမ်ကြိမ်ကြိုးစားတယ်..
ငါ့ခြေထောက်ကို သေနတ်နဲ့ ပစ်တယ်..ငါ့ခေါင်းကို လက်သီးနဲ့ ထိုးတယ်..
ဒီလိုနဲ့ .......့ငါ့ချစ်သူကိုဆုံးရှူံးခဲ့တယ်...
ဒီနေ့ ကတည်းက..ဗုဒ္ဓကို ထပ်ရှိခိုးဖို့ ..ငါလက်တွန့် ခဲ့တယ်.......

3 comments:

Yu Shwe said...

နောက်ဆုံး အကြောင်းနားမလည်လိုက်ဘူး
ရှင်းပြပေးစေချင်ပါတယ်

သော်ဇင်စိုး said...

ပထမဆုံး ပြောချင်တာက ဗုဒ္ဓဟာသူ့ အားပုဂ္ဂိုရေးကိုးကွယ်မှူကို အားမပေးပဲ ကိုယ့်ကိုယ်ကိုပဲ အားကိုးဖို့ ဟောခဲ့ပါတယ်။
နောက်တစ်ခုက ကျွန်တော် ကျွန်တော့ချစ်သူကို ချစ်တဲ့အချစ်မှာ ကျွန်တော်သိနားလည်ထားခဲ့သမျှ ပညာတွေသာမက ကျွန်တော်နည်းနည်းလေးသိနားလည်ထားမိတဲ့ ဗြဟ္မာစိုရ်တရားလေးပါးပါ ပါဝင်ပါတယ်။ဒါကြောင့်ကိုယ်ရဲ့ ကောင်းမှူလို့ယူဆထားတဲ့(ကျွန်တော့အယူအဆ)အဲဒီ ချစ်ခြင်းမှာ မျှော်လင့်ချက်တွေနဲ့ တောင်းဆုတွေပါ ပါဝင်နေပါတယ်။မဖုံးမကွယ်တမ်းပြောရရင် ဒုက္ခတွေနဲ့ အမြဲ ပွန်းတိုက်နေရတဲ့ ဘ၀ တစ်ခုပါ ပါပါတယ်။
ငြင်းပယ်မှူကို ခံလိုက်ရတဲ့နောက် အပေါ်မှာ ကျွှန်တော်ရေးခဲ့တာတွေ အားလုံး ရောပွန်း ကြေမွဖြစ်သွားတဲ့ ကျွန်တော့ရဲ့ စိတ်ချင်ဖောက်မှူကို မြင်ရောင်စေချင်လို့ ပါ။ဗုဒ္ဓ၀ါဒ ရဲ့ ဆန့် ကျင်ဘက်မဟုတ်ပါဘူးလို့ လည်း ယုံကြည်ပါတယ်။.

Yu Shwe said...

သြော်.. ဟုတ်ကဲ့.. ခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်နော်

Post a Comment

GO UP