(သံယုတ်နိကယ်၊ခန္ဓသံယုတ်၊၀က္ကလိသုတ်)
"သတ္တ၀ါသည် သေပြီးနောက် ရှိသည်ဟူ၍လည်းကောင်း ၊မရှိဟူ၍လည်းကောင်း ငါဘုရားမဟော အဘယ်ကြောင့်ဆိုသော် ထိုတရားများသည် နိဗ္ဗာန်ရောက်ကြောင်းတရားများမဟုတ် ။"
(သံယုတ်နိကယ်၊သီဝကသုတ်)
"ဗဟိယ သင်သည် မြင်ရာ၊ကြားရာ၊သိရာ၌ မြင်ကာမျှ ၊ကြားကာမျှ ၊သိကာမျှသာ ကျင့်အပ်၏ ။ဤသို့ ကျင့်ပါက သင်သည် ရာဂမဖြစ် ၊တွေဝေမှူမဖြစ် မျက်မှောက်တမလွန်ဘ၀၌ မဖြစ် ပဲဒုက္ခ ချုပ်ငြိမ်းလတ္တံ ။"
(ဥဒါန်းပါဋ္ဌိတော်၊ဗာဟိကသုတ်)
"အကြင်ရဟန်းသည် စိတ်မနှစ်သက်ဖွယ် ကြုံတွေ့ မှသာလျှင် ထိုရဟန်းသည် နူးညံ့သိမ်မွေ့  သူဟုတ်မဟုတ်သိအပ်၏ ။ ပစ္စည်းလေးပါးပြည့်စုံသောအခါ၌ ထိုသို့ ဆုံးဖြတ်၍ မရအပ် ။"(မဇ္စိုမနိကယ်၊ကကစူပမသုတ်)
"ရဟန်းသည် အစွဲဥပါဒါန်မရှိ ၊လူတို့ ၏အပြုအမူနှင့် ရှေးအစဉ်အလာတို့ ကြောင့်စိတ်ယိမ်းယိုင်ခြင်းလည်း မရှိရကား မည်သည့်ဘာသာအယူဝါဒကိုမျှ လက်မခံဘဲ စည်းမျဉ်းဥပဒေတည်းဟူသောအနှောင်အဖွဲ့ မှလွှတ်၏ ။"(အဋ္ဌက၀ဂ်၊ပရမဋ္ဌကသုတ်)
0 comments:
Post a Comment