March 13, 2010

ဧဒင်ဥယျာဉ်အလယ်မှာ ကျနော့်လိမ္မော်သီးလေး ဆိုတဲ့သီချင်း(အလှ)

အိပ်မက်တစ်ခု မက်ကြမယ်
အိပ်မက်တစ်ခု ရှာကြမယ်
ကြယ်မရှိ မရွှန်းလဲ့တဲ့ ဒီညမှ....
အလင်းမရှိ မှောင်လွန်းတဲ့ ဒီနေရာမှ....
အိပ်မက်ဆီ ခရီးထွက်ကြမယ်.....

(အချိန်တိုင်း)
စိမ်းမြတဲ့ စိမ့်စမ်းတစ်စီးလို...
ချိုသာတဲ့ တောတန်းရဲ့နံဘေး...
သံစဉ်တစ်ခုက အချစ်အတွက်...
အချစ်တစ်ခုက နင့်အတွက်...
ဒီညကစ သိမ်းဆည်းပြီး.....

ရင်ခွင်ကိုမှီပါ
အမှန်တရားကို ရင်ဆိုင်ဖို့
ရေတံခွန်တွေကြားမှာ...
ချောက်တွေကြားမှာ...
ရင်ခွင်ကိုပဲ မှီပေးပါ ချစ်သူ.....

ဒီလမ်းမှာပဲ လျှောက်မယ်
ဒီလမ်းမှာပဲ ဒို့အတူ သေမယ်
ပန်းတွေပဲ ကြွေမှာ...
သစ္စာတွေပဲ ရှိမှာ...
ဒီလမ်းမှာပဲထာဝရ နေမယ်.....

(အချိန်တိုင်း)
မုန်တိုင်းတွေရှိလို့ ရေစီးတွေကြမ်းလို့...
ဒဏ်ရာတွေနဲ့ အော်သံတွေရဲ့နံဘေး...
ရှုံးနိမ့်မှုက ရိုးသားမှုအတွက်...
ရိုးသားမှုက နင့်အတွက်...
ထွက်သက်အထိ သစ္စာကို ဆုပ်ကိုင်လို့.....

အချစ်ဆီလာပါ
သက်တန့်ရောင် မျှော်လင့်ခြင်းတွေ
ထပ်မွေးဖွားဖို့.....
ဒုက္ခတွေကို မသိဘူး...
ယုတ်မာမှုတွေကို နားမလည်ဘူး...
အချစ်ဆီ နောက်တခေါက်...
ထပ်သွားမယ်.....
အတိတ်ဆီ နောက်တခေါက်...
ထပ်သွားမယ်........
........................................

5 comments:

အင်ကြင်းသန့် said...

ကဲကဲ...အတိတ်ဆီကို သွားမယ်ဆိုလည်း ခဏနေပါဦး ကိုသော်ဇင်စိုးရေ...တက်ဂ်ပိုစ့်လေး ရေးပေးခဲ့ပါဦး...
ကိုသော်ဇင်စိုးကို တက်ဂ်ထားတယ်... :))

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

ညလင်းအိမ် said...

အတိတ်ကိုတော့ မသွားချင်တော့ဘူးဗျာ...
အတိတ်ကြောင့် ပစ္စုပ္ပန်ဖြစ်လာတာဆိုတော့ အတိတ်ကို ပြန်သွားရင် ပစ္စုပ္ပန် ပြန်ဖြစ်လာမှာကြောက်တယ်ဗျ...

ပိုးဟပ်လေး said...

ဟွန့် အခုမှလာပြီး
သက်တန့်ရောင် မျှော်လင့်ခြင်းတွေ
ထပ်မွေးဖွားဖို့.....လုပ်နေတယ်
ဟိုမှာ
သက်တန့်ချို ကတော့ မိန်းမရလို့ ကလေးတွေ
တစ်သီကြီး မွေးဖွားနေလောက်ပြီ :P

ဏီလင်းညို said...

သော်ဇင်ရေ......
အစ်ကိုကတော့ အတိတ်ဆီမသွားချင်တော့ဘူးးးးး
မနည်းရုန်းထွက်ခဲ့ရတာကိုးးးးးးးး...........း((
(စကားမစပ်..... အိမ်ကလေး..အရမ်းမှောင်တယ်.....။ အစ်ကိုတို့လို မျက်မှန်တပ်ရတဲ့သူတွေဆို အရမ်းအားစိုက်ရမယ်ထင်တယ်..........း))
ခင်မင်တဲ့
ဏီလင်းညို

ဇာဏီ said...

ရှုံးနိမ့်မှုက ရိုးသားမှုအတွက်...
ရိုးသားမှုက နင့်အတွက်...
ထွက်သက်အထိ သစ္စာကို ဆုပ်ကိုင်လို့.....

နင့် နေတာပဲ

Post a Comment

GO UP