August 1, 2010

စာစု(၄) အနွေးထည်


တစ်ယေက်တည်း သောက်တော့ အထီးကျန်မှုက ရင်အုံကိုလာမှန်တယ်..
ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညနေတွေကို သတိရမိတော့ ခုလို... ကြိုသူမဲ့ ညနေတွေကို...
ဘ၀ထဲက ဆုတ်ထုပ်ပစ်ချင်တယ်..
အခန်းလေးတစ်ခုဆီက... ၀ရန်တာတစ်ခု... ထိုင်ခုံနှစ်လုံး... ကြယ်တွေ... ညတွေ...
ငါ့မှတ်ဥာဏ်ကြောင့်ဆိုရင်တော့ ငါ... ဒီဦးနှောက်ကိုမလိုချင်..
ဒါမှမဟုတ်... ငါ့အလွမ်းတွေအားလုံးက နှလုံးသားဆီကပဲ ငွေ့ရည်ဖွဲ့ကြတာလား..
ပြန်လိုချင်တယ်.. သို့မဟုတ်... အတိတ်မေ့ချင်တယ်...

နှင်းကို နင်ချစ်တော့... ငါ...နင့်ရင်ခိုရင်းပျော်တယ်..
ငါ့ကို လက်နဲ့ကိုင်တယ်... ငါ့ကို ညအမှောင်ထဲဆွဲသွင်းလို့..
နင့်ရင်အနံ့တွေနဲ့.. ငါ့ကို... အိပ်မက်တွေပေးတယ်...

အမှောင်ကို ကြောက်ပေမဲ့... ဆောင်းကိုတော့... နင့်ကြောင့် ငါချစ်တယ်..
ငါပျိုးတဲ့ သစ္စာပန်းကို... ဂ၀ံလမ်းပေါ်ခင်း... နင်လျှောက်နင်းလို့... သွေးထွက်ပေမဲ့
ငါပျော်တယ်...
ချစ်သူရေ... ဘယ်အချိန်ဖြစ်ဖြစ်မမေ့ပါနဲ့... ငါဟာနင့်အတွက် ခြေတစ်လှမ်းပါ...

အမှန်တော့... သွေးလွန်အောင်အဆိပ်တွေပြည့်မှ... ငါ့ကိုသတိရခဲ့တာပါ..
ဝတ်ချင်တဲ့ အချိန်ဝတ်ပြီး... နင်... ချွတ်ချင်တဲ့ အချိန်ချွတ်ပါ... ငါကနင့်ရဲ့ အနွေးထည်ပါ..
အချစ်ဆိုတာဟာ... ချစ်တဲ့သူ လုပ်သမျှ မှန်နေတတ်တာမျိုးပါ..
ပြန်ရေးလို့မရတဲ့ အနာဂတ်တစ်ခုလား...
တစ်နေ့ထက်တစ်နေ့ အမှောင်တွေပိုပိုသည်းလာသလို... အလွမ်းတွေကလည်း အရောင်တွေရင့်လာကြတယ်..
ချစ်သူရေ... နင်... ဆုတ်ဖြဲ... မချေမွခဲ့ပေမဲ့...ငါနွမ်းလျခဲ့ ပါပြီ...

မတားဆီးဘူး... ချစ်သူ... ငါ့အချစ်မှာ ဓါးမပါဘူး..
မမုန်းဘူးချစ်သူ... နင်ပြောတဲ့ အဖြူရောင်ကို ငါမလိုပေမဲ့... နင်ဆန္ဒမို့ ငါမမုန်းဘူး..
ဒါပေမဲ့ ခုတော့... နင်နှုတ်မဆက်ပေမဲ့... ထွက်မသွားဖို့ တကြော်ကြော်အော်ရင်း..
နင်နဲ့ဝေးရာ တရွေ့ရွေ့ ထွက်ပြေးနေမိပြီ..

ပိုလှတဲ့ ဒေသတစ်ခုပါ.. ချစ်သူ..
ငါပိုင်တဲ့ နွေလို မပူဘူး... ငါပိုင်တဲ့ ညလို မတိတ်ဆိတ်ဘူး...
ဒါပေမဲ့... နင်လိုချင်တယ်ဆိုတဲ့... ငါပျိုးခဲ့တဲ့ ပန်းရနံ့တွေတော့.. သူ့ဒေသမှာ...
ရှင်သန်ခွင့်ရတော့မယ် မထင်ဘူး...

ထာဝရသာ ပိုင်ဆိုင်သွားလိုက်ပါ... ချစ်သူ..
နှင်းကို သူ့ကြောင်းပြောပါ... နှင်းကို သူရူးနေတဲ့အကြောင်းတွေပြောပါ..
ငါက.. ထာဝရ နွေးထွေးစေမယ်..
ထာဝရ ချစ်မယ်.. ဆိုတဲ့
အကြောင်းလည်းပြောပါ...
Goodbye ချစ်သူ.............

..................................................

မပျော်ရွှင်စရာ၊ ဗဟုသုတ မရတာတွေ တင်မိလို့ စိတ်မကောင်းပါဘူးဗျာ..
ပို့ရဲ့ခေါင်းစဉ် အနွေးထည်ဆိုတာက ကျွန်တော်အရမ်းကြိုက်တဲ့
動力火車 (Power Station) ရဲ့ 外套 (
Wai Tao) အနွေးထည် သီချင်းနာမည်ကိုယူထားတာပါ..
နားထောင်ချင်ရင် အောက်မှာနားထောင်လို့ရပါတယ်..
မိတ်ဆွေတွေအားလုံးပျော်ရွှင်ကြပါစေ..
ဓာတ်ပုံကို ဒီနေရာက ယူပါတယ်..

13 comments:

သဒ္ဓါလှိုင်း said...

သော်ဇင်ရေ..
ဓါတ်ပုံလေးကိုကြည့်ပြီးစိတ်မကောင်းလိုက်တာ..။
ဒါနဲ့..အခြေအနေကောင်းရဲ့လားဝေ့.........

ခင်မင်စွာ
သဒ္ဓါ

အင်ကြင်းသန့် said...

သော်ဇင်ရေ....ပုံလေးကိုကြည့်တယ်၊ စိတ်မကောင်းဖြစ်သွားတယ်။ ကဗျာလေးကိုဖတ်တယ် ငိုချင်သွားတယ်။ အောက်ဆုံးက (မပျော်ရွှင်စရာ၊ ဗဟုသုတ မရတာတွေ တင်မိလို့ စိတ်မကောင်းပါဘူးဗျာ..) ဆိုတဲ့ စာလည်းဖတ်ရရော တကယ်ငိုလိုက်ပါပြီ။ ဘာတွေလျှောက်လျှောက်ရေးမှန်း မသိတဲ့ကိုယ့်ကို တည့်တည့်မှန်သွားလို့လေ....ဆင်ခြင်ဦးမှ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်စရာမဟုတ်၊ ဗဟုသုတရစရာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို အချင်းချင်း မျှဝေခံစားတယ်လို့ သဘောထားပါကွယ်..
ကိုယ်လဲ ရင်ထဲမှာ တင်းကြပ်နေရင် ခံစားရသက်သာသွားမှာပါ..
မဟုတ်ဘူးလား... အချင်းချင်း အားပေးမျှဝေရင်းပေါ့

နွေဆူးလင်္ကာ said...

ဟုတ်တယ်ဗျ ။ တစ်ယောက်တည်း သောက်ရင် အထီးကျန်တာတော့ အမှန်ပဲ။ လူများရင်လည်း စကားလုပြောနေရတယ် :-)

Unknown said...

ချိတ်မကောင်းဘူး....း(((( နောက်ဆို တစ်ယောက်တည်း မသောက်နဲ့ပေါ့...း((( ရွှတ်ဖက်....

TYZ said...

နောက်ဆုံးမှတ်ချက်လေးကြောင့် ကိုယ်ပေါက်ကရရေးထားတာတွေ သွားသတိရမိတယ်။ ဒို့လည်း ဆင်ခြင်ဦးမှပဲ။ ကျေးဇူးနော်။ အလွမ်းတွေနဲ့ ဝေးပါစေ။

ပေါ့ဆိမ့် said...

ဖတ်နေရင်း စိတ်ထဲမှာ စာလေးက ဖတ်လို့ ကောင်းတာ သတိထားမိတယ် ...

သဒ္ဓါလှိုင်း said...

ဘယ်ပျောက်နေလဲဟေ့...
နေကောင်းရဲ့လားလို့.. လာသွားတယ်။။

ခင်တဲ့
သဒ္ဓါ

မြစ်ကျိုးအင်း said...

ပုံလေးနဲ့ ပထမဆုံး အပိုဒ်မှာတင် တည့်တည့် ထိတယ်ဗျာ

(ချစ်သူရေ... ဘယ်အချိန်ဖြစ်ဖြစ်မမေ့ပါနဲ့... ငါဟာနင့်အတွက် ခြေတစ်လှမ်းပါ...)

ဟုတ်တယ်... ကိုယ့်ခြေထောက်တွေ ကိုယ်မထိန်းချုပ်နိင်တာက လွဲလို့ပေါ့။

Candy said...

အရမ်းမိုက်တယ်..... ခံစားချက်တွေ ပြင်းထန်နေပုံပဲ...

စံလင်းထွန်း said...

ကိုဏီးက လင့်တဆင့်ပေးလိုက်လို့ ကိုသော်ဇင်စိုးဘလော့ဂ်ကို အလည်ရောက်လာခဲ့ပါတယ်ဗျာ...။

ကဗျားလေးလည်း ထပ်တူခံစားဖတ်သွားပါတယ်။

သဒ္ဓါလှိုင်း said...

ဘာတွေအပျင်းကြီးပြီးပျောက်နေရတာလဲ...
လာသွားတယ်နော်။။

ခင်မင်စွာ
မသဒ္ဓါ

thadarhline said...

မောင်လေးသော်ဇင်ရေ...
အမရဲ့စာတွေကိုသေချာဖတ်ပြီး ကော်မန့်လေးတွေကိုလည်း
သေချာရေးပေးတာကျေးဇူးအရမ်းတင်မိပါတယ်.။
ကျန်းမာရွှင်လန်းပါစေနော်.။
ခင်မင်စွာ
မသဒ္ဓါ

Post a Comment

GO UP